ကြံခင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(မျောက်ချောကုန်း)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဗလငါးတန်ပြည့်စုံလာစေ ရန် ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မျောက်ချောကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးကျော်နိုင်ဝင်းက စားသောက်ကုန်များတွင်ပါရှိသော ကုန်အမှတ်တံဆိပ်အကြောင်းများအားလည်းကောင်း၊ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများတွင် ကြာရှည်ခံဆေးများသုံးစွာ၍ ရောင်းချခြင်း ကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအားလည်းကောင်း၊ တစ်ခါသုံးပလတ်စတစ်အိတ်များ သုံးဆွဲ ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများအား ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ သိရှိ လိုက်နာစေရန်အတွက် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး စာ‌ရေးဆရာ ရာဇာငယ်(ကနောင်)က လူတော်လူကောင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ် လူ့ရန်စွယ်၊  မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)