မင်းလှ ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆီ၊ သား၊ ငါးနှင့် စားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်လမ်းရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာဝန်း၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ဆန်တစ်ပြည်(၃၀၀၀)၊ ဆီတစ်ပိသာ (၇၉၀၀)၊ ကြက်တစ်ပိသာ(၁၆၀၀၀)၊ ဝက်တစ်ပိသာ(၂၀၀၀၀)၊ အမဲသား (၁၇၀၀၀)၊ ဆိတ်တစ်ပိသာ(၂၀၀၀၀)၊ ငါးတစ်ပိသာ(၇၀၀၀)၊ ဘဲဥတစ်လုံး (၅၀၀)၊ ကြက်ဥတစ်လုံး(၃၇၀) နှုန်းတိုဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊ မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိ ဒေါ်သီတာဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ