ကြံခင်း ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အ.ထ.က(ခွဲ) ကရင်စုကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ) ကရင်စုကျောင်းမှ ကျောင်းသား/သူများက “ကြိုဆိုပါတယ် စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားသီဆိုဖွင့်လှစ်ပြီးနောက်၊ သောကြာဒူးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဖိုးဆော့က အဖွင့်အမှာစကားပြောကြားပြီး၊ (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထက်ထက်မြင့်နှင့်(အ.မ.က) သောကြာဒူးကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးမိုးတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်ပြီး အ.ထ.က(ခွဲ) ကရင်စုကျောင်းအကျိုးတော်ဆောင် ဦးရဲမြင့်သိန်းက ပညာတတ်လူငယ်များစွာ ပေါ်ထွန်းလာစေရေးအတွက် မိမိတို့အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးသလို မိမိတို့ကျေးရွာရှိ ကျောင်းသားလူငယ်များအား ချီးမြှောက်ပေးသောပွဲအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး၊ အ.ထ.က(ခွဲ) ကရင်စုကျောင်းမှ (တာဝန်ခံ)ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်၊ မိဘ/ဆရာအသင်းအဖွဲ့ဝင် ဦးချစ်ကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌(ထက်ဆင့်) ကျပန်းစကားပြောပြိုင်ပွဲ၊ (လယ်ဆင့်)စာစီစာကုံးနှင့် ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူ (၃)ဦးအားလည်းကောင်း၊ မြို့နယ်အဆင့်အဆို၊ အက၊ အရေ၊ အတီးပြိုင်ပွဲတွင် (တတိယဆု)ရရှိသော (Grade-6)မှ မောင်သက်ထူးအိမ်နှင့် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါဆုရရှိသော(Grade-9)မှ မဟေမာန်သက်တို့အားလည်းကောင်း၊ ကျောင်းတွင်း ကာယ/ဉာဏ ပြိုင်ပွဲဆု(၇၈)ဆုတို့ကို တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည် ။ယင်းနောက်အ.ထ.က(ခွဲ) ကရင်စုကျောင်းသား/သူများက ပဒေသာကပွဲများဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများ၊ သောကြာဒူးကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာကြီး/ဆရာမကြီးများ၊ အ.ထ.က(ခွဲ)က ရင်စုကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ/ဆရာအသင်းဝင်များနှင့် ဆုရကျောင်းသား/သူများ တက်ရောက်ကြောင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ မုန့်ပွဲတော်ကျင်းပကာ စတုဒိသာကျွေးမွေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)