မအူပင်မြို့နယ်အတွင်းရှိ  ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မအူပင် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)မှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မအူပင်မြို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ်၊ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရွှေပြည်ဟိန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မအူပင်ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)၊ မအူပင်မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တာဝန်နှင့် ကုမ္ပဏီလုပ်ငန်း တာဝန်ခံတို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)