မအူပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအားကွင်းဆင်းစစ်ဆေး

မအူပင် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းများမှ စွန်သိုက်ကျေးရွာအုပ်စု၊ ထိန်တောစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်သန်း (၁၄.၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်း(၁.၀)၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ကျွန်းဖျားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ်သန်း (၁၇.၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်း (၁.၀)၊ သောင်းဇားကျေးရွာအုပ်စု၊ နွားကုန်းကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်သန်း (၂၀.၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၅.၀) တို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်း‌ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးမှုများမှ ထိန်တောစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် အတိုးရငွေကျပ် (၁၄.၀) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၁.၀)သန်း၊ စုစုပေါင်းကျပ် (၁၅.၀) သန်းဖြင့် (၈၇၀’××’’) ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် စီမံကိန်းတာဝန်ခံများမှကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ရေး ဝိုင်းဝန်းထိန်းသိမ်ကူညီစောင့်ရှောက်ကြရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့၊ လမ်းကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား မှာကြားခဲ့ကြောင်းသိရသည်။

မအူပင် (ပြန်/ဆက်)