ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတနော် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဌာရေးနှစ်အတွင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက် လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ယမန်နေ့ ညနေပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့တို့မှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအား စောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဧရာဂုဏ်ရည် ကုမ္ပဏီမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မင်းကုန်းမြောက်-ကျုံတကယ် ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ဌာနမှဆောင်ရွက်သည့်ကျုံပတော ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မအူပင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ပန်းတနော်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်)နှင့် QC အဖွဲ့များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက်အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)