နာဂဒေသ၊လဟယ်မြို့တွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးရေးနှင့်ဆိုင်ကယ်ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်သူများအားယခုဝယ်၊ယခုတပ်စေပြီးနှာခေါင်းစည်းမတပ်သူများ ဒဏ်ငွေ(၂၀၀)ကျပ်ဖြင့်၀ယ်ယူတပ်ဆင်ဆောင်ရွက်

လဟယ်   ဒီဇင်ဘာ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ယာဉ်စည်းကမ်း၊လမ် စည်းကမ်းအသိပညာပေးရေးနှင့် မော်တော်ဆိုင်ကယ်ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်သူများ အားယခုဝယ် ယခုတပ်စနစ်ဖြင့်ဒဏ်တပ်ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Masks မတပ် ဆင်သူများအား ငွေကျပ်(၂၀၀)ဖြင့်‌၀ယ်ယူတပ်ဆင်ခြင်း လုပ်ငန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထွေ/အုပ်ဌာန၊ကျန်းမားရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်လဟယ်မြို့လမ်းဆုံ များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

ထိုသို့ ဖမ်းဆီးရရှိ‌သောဆိုင်ကယ်ပါဝါအိတ်ဇောများကို လမ်းကြိတ်စက်ဖြင့် ဖျက်းစီးဆောင်ရွက် သွားမည်ဖြစ်ကြောင်းဤစနစ်ကိုကျင့်သုံးဆောင်ရွက်မှုဖြင့်လဟယ်မြို့တွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကိုသိရှိသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးထံမှသိရပါသည်။

လဟယ်(ပြန်/ဆက်)