ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တောင်တွင်းကြီး  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီမှ  အခမဲ့ထုတ်ဝေသည့်  “ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွ တိုက်ဖျက်ကြပါစို့” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာ​စောင်များဖြန့်ဝေခြင်းကို  ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း ပြုလုပ်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင်  ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးများဆိုရာ ဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၁ ()၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရည်မှန်းချက် ()ရပ်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ စာသင်ခန်းတွင် ပညာသင်ကြားနေကြရသည့် အရွယ်ကလေးသူငယ်များ စားဝတ်နေရေးအလို့ဌာ လုပ်ငန်းခွင်ထဲ့သို့ရောက်ရှိနေကြခြင်းမှာ ကလေး၏ အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည်။ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပါယ်ဖော်ပြချက်၊ ကလေးဆိုသည်မှာ  အလုပ်လုပ်ကိုင်ရန် မှတ်ပုံတင်ဆရာဝန်ကခွင့်ပြုသည့် အသက် ၁၄ နှစ်ပြည့်ပြီး အသက် ၁၆ နှစ် မပြည့်သေးသူကို ဆိုလိုသည်။ လူရွယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပီး အသက် ၁၈ နှစ်မပြည့်သေးသူကို ဆိုလိုသည်။ လူငယ်ဆိုသည်မှာ “ကလေးနှင့်လူရွယ်”ကိုဆိုလိုသည်။

အလွန်အမင်းလေးလံသောဝန်ချိန်ကို ခိုင်းစေခြင်းကိုတားမြစ်ခြင်း၊ ငယ်ရွယ်သောကလေးများ ကလေးသူငယ်များခိုင်းစေခြင်းကိုတားမြစ်ခြင်း၊ မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ ကလေးများအလုပ်လုပ်သည့် အချိန်သတ်မှတ်ခြင်း၊ ကလေးအလုပ်သမားမှတ်ပုံတင်စာအုပ်ထားရှိခြင်းနှင့် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များစသည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးအချက်အလက်များစုံလင်စွာပါရှိပြီး အဆိုပါပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မအခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)