တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂)ရပ်ကွက် လောကတက္ကသိုလ်စာကြည့်တိုက် အောင်ပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲများနှင့် စတုဒိတာ  ကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်

တောင်တွင်းကြီး ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်()ရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယမန်နေ့ ညနေ ()နာရီအချိန်က အဆိုပါ စာကြည့်တိုက်ရှိ ကွင်းပြင်၌ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲများနှင့် စတုဒိတာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ လောကတက္ကသိုလ်စာကြည့်တိုက်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ဇန်နဝါရီ ၁၁ ရက်နေ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေပေးသည့် ငွေကျပ် သိန်း ၁၅၀ နှင့် ဒေသခံပြည်သူများ ထည့်ဝင်လှူဒါန်းငွေ ၂၅၁ သိန်း၊ စုစုပေါင်း သိန်း (၄၀၀)ကျော်ဖြင့် တည်ဆောက်ပြီးစီးခဲ့ရာ ယခုအခါ လောကတက္ကသိုလ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောင်ပွဲအထိမ်းအမှတ်အဖြင့်  ​မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲများနှင့် စတုဒိတာ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းခြင်းများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)