ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လမ်းအရည်အ‌သွေးထိန်းသိမ်း‌ရေးအဖွဲ့တို့က လာဘ်မိုးသဲကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော စက္ကော့-အင်းမကျေးရွာချင်းဆက် ကျောက်ချောခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်‌နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)