ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဇန်နဝါရီ ၁၃

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး‌ဆွေးနွေးပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်များကို ရှင်းလင်းပြောကြား၍ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးချစ်စိုးက ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာကြည့်တိုက်မှူးများထံ တာဝန်ရှိသူများက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)