မင်းဘူးမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အပတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်

မင်းဘူး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နည်းတူစွမ်းရည်(၄)ရပ်ဖြစ်တဲ့ မီးငြှိမ်းသတ်ရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များ ပြည့်ဝစေရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအဖြစ် အပတ်စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) တွင် မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်လုပ်ငန်းတာဝန်များ၊ ချီတက်အလေ့ပြုခြင်း၊ မီးလောင်မှု အခြေခံ သဘောတရားများ၊ အခြေခံမီးငြှိမ်းသတ်နည်း၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အရေးပေါ် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုနည်း၊ ပိုက်လိတ်၊ ပိုက်ခေါက်၊ ပိုက်ခေါင်းနှင့် ပိုက်ဆက်နည်းအမျိုးမျိုး၊ လှေကားလေ့ကျင့်ခန်း၊ အခြေခံကြိုးချည်နည်း၊ ကြိုးကူးလေ့ကျင့်ခန်း၊ ရေစိုလေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများနှင့် မီးလောင်ခံရသူအား ရှေးဦးသူနာပြုစုနည်း စသည့်ဘာရပ်များကို စာတွေ့၊ လက်တွေ့ဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ရက်သတ္တ (၄) ပတ်ကြာ စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသို့ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်ကြီး(၄)ရပ်ကွက်မှ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်သားစုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)