လိပ်သိုမြို့၌ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဝက်မွေးမြူခြင်းလုပ်ငန်း လုပ်ကိုင်

လိပ်သို ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူကြကြောင်း သိရသည်။

ဒေသခံများမှာ ဝက်သားပေါက်များကို ဝယ်ယူကာ မိမိတို့၏ အိမ်ခြံဝင်းများထဲတွင် ဝက်ခြံများ ဆောက်၍ တစ်နိုင်တစ်ပိုင် မွေးမြူကြကြောင်း၊ ဒေသဝက်များကို ငှက်ပျောပင်များ၊ သီးနှံစိုက်ခင်းများမှ အလေအလွင့်သီးနှံများ၊  ဖွဲနုများနှင့် ဆန်ကြမ်းများကို ကျွေးမွေးခြင်းဖြင့် မွေးမြူကြပြီး ဈေးကွက်ရောင်းတန်းဝင် ဒေသဝက်တစ်ကောင်လျှင် အချိန်တစ်နှစ်ခန့် မွေးမြူရကြောင်း၊ ဒေသတွင်း၌ ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၅၀၀ဝိ/-) မှ (၃၀၀၀ဝိ/-) ကျပ် အထိနှင့် ဒေသဝက်တစ်ကောင်လျှင် အရွယ်အစားအလိုက် ငွေကျပ် (၁၀) သိန်း မှ (၁၅) သိန်း အထိ ရောင်းချရကြောင်း၊ ယခင်က ဒေသဝက်များကို တစ်အိမ်ထောင်လျှင် (၁) ကောင်မှ (၁၀) ကောင်အထိ မွေးမြူကြသော်လည်း ယခုကာလတွင်  အစာစရိတ်ကြီးမြင့်မှုကြောင့် မွေးမြူသူ နည်းပါးလာကြောင်း တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်