လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း (Grade-9) နှင့် မူလတန်း (Grade-5) အတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) နှင့် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲမေးခွန်းအတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်း (Grade-9) စာမေးပွဲမေးခွန်းအတွက် ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ (၁၇၀) ဦး၊ အခြေခံပညာမူလတန်း (Grade-5) စာမေးပွဲမေးခွန်းအတွက် ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲကြသည့် ဆရာ၊ ဆရာမ (၄၄၈) ဦး၊ စုစုပေါင်း (၆၁၈) ဦးတို့က မိမိတို့သင်ကြားသည့်  ဘာသာရပ်များ၏စာမေးပွဲအတွက် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများ၊ မေးခွန်းပုံစံများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြရကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)