စလင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးဆီထွက်သီးနှံဆောင်းနှမ်းစိုက်ပျိုးမှု (၁၅၈၀၄)ဧကစိုက်ပျိုးပြီးစီး

စလင်း ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်းတို့ကို ဒေသခံတောင်သူများမှ အလေးထားစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်ဆောင်းသီးနှံနှမ်းအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရန်လျာထား(၁၅၅၈၁)ဧကအားလျာထားခဲ့ရာ တောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု (၁၅၈၀၄)ဧက၊ လျာထားဧကပြည့်မီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေရာအသီးသီးတို့တွင် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်းများအဖြစ် ရာသီဥတုကိုလိုက်၍ စိုက်ပျိုးရရှိမည့်နေရာဒေသကိုလိုက်၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အင်ကြင်းပင်လှကျေးရွာအုပ်စု အင်ကြင်းပင်လှကျေးရွာ တောင်သူဦးကျော်နိုင်စိုက်ပျိုးသည့်ဆောင်းနှမ်းအား ကွင်းအမှတ်(၅၄၀)ကွင်း၌ ၁ ဧကခွဲစိုက်ပျိုးပြီးစီးခဲ့ရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမျိုးဖြစ်သည့် စမုံနက်၊ ဆင်းရတနာနှမ်းများကိုသာ စိုက်ပျိုးထား၍ အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးပြီးစီးခဲ့ကာ အထွက်နှုန်းကောင်းမွန်စေရေး လယ်ယာမြေများကို ထွန်ရေးညက်ညက်ထွန်၍ ပေါင်ကြီးတင်စိုက်ပျိုးစနစ် အတန်းလိုက်စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစုများဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဧက(၁၅၅၈၁)ဧကထက်၊ (၁၅၈၀၄)ဧက၊ စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(မောင်လွင်)စလင်း