ဓနုဖြူ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာတောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကဥ္စနကျွန်းသာကုမ္ပဏီလီမိတက်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆန်စပါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်က စိုက်ပျိုးရေးဆိုင်ရာများအား ဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများက အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် ရေကြည်ကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ခင်း စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အဖွဲ့ဝင်(၃)လဝကဦးစီးမှူး ဦးဝင်းထူး၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်