သရက်ချောင်း ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က (Book Club) အဖွဲ့ဝင်များ၏ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက Book Club ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များနှင့် စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာဖတ်ပရိသတ်များနှင့် Book Club အဖွဲ့ဝင်အသစ် ပြန်လည်ဖွဲ့စည်းပြီးနောက် Book Club အဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ၏ စာဖတ်ရှိန်မြင့်မားလာစေရန် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအကြောင်းကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အချင်းချင်းအပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးစာဆရာ ဗန်းမော်တင်အောင် ရေးသားထားသော အညတြရ စာအုပ်အကြောင်း ဆွေးနွေးရာ Book Club အဖွဲ့ဝင် ဦးစောလွင်က မိဘမဲ့ကြက်တောအကြောင်း၊ Book Club အဖွဲ့ဝင် ဦးမင်းသူက ထူးခြားသော ဝိသေသတော့မရှိကြောင်း၊ Book Club အဖွဲ့ဝင် ဒေါ်မိသူဇာက ကြက်တော၏ မြို့တော်စွန့်စားခန်းအကြောင်းကို Book Club အဖွဲ့ဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနမှ ပြုလုပ်သော အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် Book Club အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိအောင် မိမိတို့ဌာနနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားကာ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)