ပန်းတနော်မြို့တွင် (Face Shield)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စျေးဝယ်ယူခွင့်လက်မှတ်များ စစ်ဆေးခြင်း ဆောင်ရွက်

ပန်းတနော်  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များ၊ (Face Shield)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့်စျေးဝယ်ယူခွင့် လက်မှတ်များ စစ်‌​ဆေးခြင်းကို ယနေ့ နံနက် နာရီက ပန်းတနော် မြို့မဈေးကြီးအတွင်း ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပန်းတနော် မြို့မဈေးနှင့် ယာယီပျံကျ ဈေးတို့တွင် ဈေးရောင်း၊ စျေးဝယ်သူများအား မျက်နှာအကာ (Face Shield) များနှင့် (Mask)များ အခမဲ့ပေးဝေခြင်း၊ ဈေးဝယ်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊‌​စျေးဝယ်ယူခွင့်လက်မှတ်များ စစ်‌​ဆေးခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ်သူများ နှာခေါင်းစည်း (mask) တပ်ဆင်၍ရောင်းချဝယ်ယူစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)