ပုလောမြို့၌ အသက်(၆)လမှ (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး

ပုလော ဇန်နဝါရီ ၁၁

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို-ကြက်ညာ-မေးခိုင်-အသဲရောင် အသားဝါ(ဘီ)-ဦးနှောက်အမြေးရောင်(ငါးမျိုးစပ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးများအား ကိုယ်အလေးချိန် တိုင်းတာပေး၍ လိုအပ်သော ကျန်းမာရေး အသိပညာပေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ပေါ်ရပ်ကွက်ရှိ ကလေးများအပါအဝင် နီးစပ်ရာကျေးရွာများမှ ကလေးများလည်း လာရောက်ထိုးနှံလျက်ရှိကြောင်း ကျန်းမာရေးသူနာပြုဆရာမ ဒေါ်ဆုပြည့်ဖြိုးထံမှ သိရသည်။

အေးအေးမော်(ပုလော)