ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ်

ကလေး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှပြင်သင်တန်းကို ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌  ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းနှင့်ပတ်သက်သည့် အလှဆင်ပစ္စည်းများ ပြင်ဆင်ထားရှိမှုနှင့် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့လုပ်ဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာထူးက  ပန်းအလှဆင်ရာတွင် အခြေခံအချက်များ၊ ပန်းပွင့်များ တာရှည်ခံစေရန် ထားသိုနည်း၊ ပန်းပင်များ အဟာရပြည့်ဝစေရန် ပြုပြင်စိုက်ပျိုးနည်း၊ အခမ်းအနားများတွင် ပန်းအလှဆင်နည်းများကို သင်တန်းသူ (၂၀)ဦးအား  စာတွေ့/လက်တွေ့  လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)