အမာ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း၌ အ.မ.က(လွန်)သရက်ချောင်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကျင်းပရာတွင် အ.မ.က(လွန်) သရက်ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်တင်လှက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ အငြိမ်းစားကျောင်းအုပ် ဆရာကြီးစောကနေဒီက ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားပြီးနောက် grade-2 ကျောင်းသား၊ ကျောင်းသူလေးများက Myanmar School သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ အငြိမ်းစားကျောင်းအုပ် ဆရာကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး စည်ကားပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)