ပိုင်ကျုံမြို့ အ-လ-က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘ၊ ဆရာ၊ ကျောင်းသား‌တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနား ကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကစို‌ကျေးရွာအုပ်စုရှိ အ--က(ခွဲ)ဝင်းကမော့ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘ၊ ဆရာ၊ ကျောင်းသား‌တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူလေးများက ဘက်စုံပညာကိုရည်ဒို့လမ်းစဉ် တေးသီချင်းဖြင့်  သီဆိုဖွင့်လှစ်ပြီး ပညာရေးဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်အညီ ကျောင်းသား/သူများနှင့် ဆရာ/မများတို့က လိုက်နာကျင့်သုံးရန်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်အောင် မိဘ၊ဆရာ၊ကျောင်းသား လက်တွဲညီညီလုပ်ဆောင်သင့်ကြောင်း၊ ကျောင်းသားလူငယ်များတို့၏ စိတ်ဓာတ်ခွန်အား၊ မှတ်ဉာဏ်ခွန်အား တိုးတက်အောင် မိဘနှင့်ဆရာများတို့က ဝိုင်းဝန်းသွန်သင်ဆုံးမရန်လိုကြောင်းကို အ-ထ-က ပိုင်ကျုံကျောင်းအုပ်ဆဆရာမကြီးမလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာ/ မြို့နယ်/ ပြည်နယ်/ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ကျောင်းသားလူငယ်များ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူရန်လိုအပ်ကြောင်း၊ မိဘများအနေဖြင့် မိမိကလေးများ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို အငြိမ်းစားကျောင်းဆရာ ဦးမြတ်စိန်မှလည်းကောင်း၊ ကျောင်းတော်ကြီး၏ ဘက်စုံတိုးတက်‌စေရေးအကြောင်းများကို ဝင်းကမော့ကျေးအုပ်ချုပ်‌ရေးမှူး ဦးစန်းညွန့်မှလည်း‌ကောင်း အသီးသီးအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူ‌လေးများအား တာဝန်ရှိသူများတို့က ဆုများ  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အ-လ-က(ခွဲ) ဝင်းကမော့ကျောင်းမှ ဆရာ/မများကို ဂုဏ်ပြုလက်ဆောင်များနှင့် ကျောင်းတော်ကြီး၏ တိုးတက်ရာတိုးတက်ကြောင်းကို ငွေ/လူအားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် စေတနာရှင်၊ အလှူရှင်များတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်အခမ်းအနားတွင် တက်ရောက်လာသူများအား ကျောင်းသား/သူလေးများက အက၊ အလှတေးသရုပ်ဖော်တို့ဖြင့်‌ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် နယ်မြေခံကျောင်းအုပ်ဆရာ/မများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)