ရေနံချောင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှပေးအပ်သည့် လူမှုရေးပင်စင်ငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လူမှုရေးပင်စင်ထုတ်ပေးရာတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၄၇၂ ဦးအတွက် သုံးလတစ်ကြိမ်လျှင် တစ်ဦးကို ၃၀,၀၀၀ ကျပ် ထုတ်ပေးခဲ့ပြီး ဘဏ်ဖွင့်ရက်မျာတွင် နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ နေ့အလိုက် ရပ်ကွက်/ကျေးရွာများအလိုက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းက သစ်တပွေရပ်ကွက်မှ အဘိုးအဘွား ၅၇ ဦးအား လူမှုရေးပင်စင်ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ အဘိုးအဘွားများ ဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်