ငပုတောမြို့နယ်၌ ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးအဖွဲ့မှ ဆန်ဆိုင်နှင့်စာသုံးဆီဆိုင်များအား ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငပုတော ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကုန်ဈေးနှုန်း ထိန်းညှိလျော့ချရေးအဖွဲ့မှ ငပုတောမြို့နယ် မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များနှင့်စားသုံးဆီ အ‌ရောင်းဆိုင်များအား ယနေ့နံနက်(၁၀)အချိန်က ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်‌ဆေးရာ၌ မြို့နယ်ကုန်ဈေးနှုန်း ထိန်းညှိလျော့ချရေးအဖွဲ့မှ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုရောင်းချမှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် သင့်တင့်မျှတသောစျေးနှုန်းဖြင့် ရောင်းချပေးသွားရန် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ထားသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း တွေ့ရသည်။

‌အောင်သူ(ပြန်/ဆက်)