ကန်ကြီးထောင့် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စက်ရုံမီးဘေး လုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက်(FSC) သက်တမ်းတိုးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဟွာမှုန် (HUA MENG) အထည်ချုပ်စက်ရုံ၌ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ ပုသိမ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးမျိုးမြင့်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဟွာမှုန် (HUA MENG) အထည်ချုပ်စက်ရုံတွင်တပ်ဆင်ထားသော sprinkler စနစ်၊ Hydrant စနစ်များ၊ Hose Reel စနစ်များ၊ Smoke Detector စနစ်များ၊ မီးသတ်ပန့်စနစ်များ၊ Fire Alarm bell စနစ်များ၊ Emergency light စနစ်များ၊ Exit စနစ်များ ကောင်းမွန်မှု ရှိ/မရှိ အစရှိသည်တို့အား စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စက်ရုံရှိ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)