ငပုတော ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းကမြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့အသံချဲ့စက်များ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးထားမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး၊ သစ်ရွက်ခြောက်၊ အမှိုက်များကိုဖယ်ရှားရှင်းလင်းရေး၊ သက်ကြီးရွယ်အိုများနှင့်ကလေးသူများအား ထမင်းဟင်း ချက်ပြုတ်ခြင်းများမပြုလုပ်စေရေး၊ နေအိမ်အဆောက်အဦများတွင် သဲပုံး၊ ရေပုံး၊ မီးချိတ်၊ မီးကပ်များထားရှိစေရေး၊ သတ်မှတ်ထားသော အချိန်ကာလတွင်သာ မီးသုံးစွဲရေးတို့အတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)