ထန်းတပင်မြို့နယ်၌ ဆန်စားသုံးဆီငါးနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ထန်းတပင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရွေ့လျားမော်တော်ယာဥ်ဖြင့် ဆန်၊ စားသုံးဆီ၊ ငါးနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် ဝန်ထမ်းမိသားစုဝင်များ လက်ဝယ်သို့ ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားဖြင့် ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ စာသုံးဆီတစ်ပိဿာ(၈၃၀၀) ကျပ်၊ ငါးတစ်ပိဿာ (၁၂၀၀၀) ကျပ် ကြက်ဥတစ်လုံး(၄ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြို့နယ် (ပြန်/ဆက်)