ရွှေတောင်မြို့နယ်တွင် Grade-5 နှင့် Grade-9 သင်ကြားသင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ ကျင်းပ

ရွှေတောင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အ.ထ.က(ရွှေတောင်) ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက Grade-5နှင့်Grade-9 သင်ကြားသင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးမှ Grade-5 နှင့် Grade-9 သင်ကြားသင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ သင်တန်းအား အ.ထ.က(ကြာနီကန်)ကျောင်းတွင် Grade-5 သင်ကြားသင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရေး သင်တန်းသား (၃၇၇)ဦး၊ သင်တန်းနည်းပြ (၂၆)ဦး၊ အ.ထ.က(ရွှေတောင်)ကျောင်းတွင် Grade-9 သင်ကြားသင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရေး သင်တန်းသား ( ၁၅၀)ဦး၊ သင်တန်းနည်းပြ (၁၃) ဦးတို့အား ( ၁၀.၁ ၂၀၂၅) ရက်နေ့မှ (၁၃.၁ ၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နံနက်( ၉) နာရီ မှ ညနေ( ၄) နာရီ ထိ ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)