ဒိုက်ဦး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အခြေခံအပ်ချုပ်စက်သင်တန်းပြီးမြောက်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာအား ဉာဏ်ပူဇော်ခချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရရှိသော သင်တန်းသား/သူများအား ဆုချီးမြှင့်ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသား/သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းအစီအစဉ်ကျင်းပပါသည်။ ထို့နောက် ဝန်ကြီးနှင့်တာဝန်ရှိသူများသည် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းမှ ထွက်ရှိသောပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)