ဝေါမြို့နယ်တွင် အခြေခံပညာ Grade5 နှင့် Grade-9 သင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

ဝေါ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမတွင် ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်ဦးက သင်တန်းဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရန် နည်းပြဆရာ၊ ဆရာမ (၃၂) ဦးတို့က အလယ်အဆင့် ဆရာ၊ ဆရာမ (၂၅၈) ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ(၁၆၃)ဦးတို့အား ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၄ ရက်ကြာသင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)