ကဝ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(ခွဲ)ရှမ်းကန်ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)ရှမ်းကန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသူက မီးလောင်မှုဖြစ်ပွားပါကလုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက်ရေစိုဝတ်ဖြင့် မီးငြိမ်းသတ်ပုံ၊ ဂတ်(စ်)မီးငြိမ်းသတ်ပုံ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပုံတို့ကို ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)