လိပ်သိုဒေသတွင် မျှစ်စိုများရှားပါးလာချိန် မျှစ်ချဉ်များ ဈေးကောင်းရလျက်ရှိ

လိပ်သို ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလတွင်သာ ပေါက်ရောက်သည့် မျှစ်များကို တစ်နှစ်တာလုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ထားသိုကြရာ မျှစ်စိုများ ရှားပါးလာချိန် ဆောင်းရာသီကာလတွင် မျှစ်ချဉ်များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

မျှစ်များကို တစ်နှစ်တာလုံး တာရှည်အထားခံ စားသုံးနိုင်စေရန် မျှစ်အစိုများကို အတုံးလိုက် လှီး၍သော်လည်းကောင်း၊ အလုံးလိုက်သော်လည်းကောင်း ပလတ်စတစ်အိတ်ထဲတွင် လေလုံအောင် ထားသိုရကြောင်း၊ မျှစ်ချဉ်များကို ကရင်ရိုးရာဟင်းများချက်ရာတွင်လည်းကောင်း၊ အသားငါး၊ ပဲဟင်းများနှင့် ရောချက်၍လည်းကောင်း စားသုံးကြကြောင်း သိရသည်။

အဆိုပါ မျှစ်ချဉ်များမှာ မျှစ်စိုများရှားပါးသည့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် ဝယ်လိုအားကောင်းပြီး ဈေးကောင်းပိုရကြောင်း၊ လိပ်သိုမြို့ပေါ်တွင် မျှစ်ချဉ်တစ်ပိဿာလျှင် (၃၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေပြီး ဒေသထွက်မျှစ်ချဉ်များကို လိပ်သိုမြို့ပေါ်တွင်သာမက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်