သံတောင်ကြီး ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် (၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူ/ကျောင်းသားများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောသူများဖြစ်စေရန်၊ စာပေ၏တန်ဖိုးကိုသိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စောမင်းသား