ငွေဆောင် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ငွေဆောင်မြို့၊ ဘူးကွဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲ)ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်မိမိလှိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါလက္ခာများနှင့် တီဘီရောဂါ ဖြစ်ပွားစေတတ်သော အကြောင်းအရာများအား ကျောင်းသား/ သူလေးများကို အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ/မရှိ စစ်ဆေးကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)