စလင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယ၊ ဉာဏ၊ ထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ကြိုဆိုပါတယ် စုံညီပွဲတော်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ကျောင်းတွင်း ကာယ၊ ဉာဏနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် အခမ်းအနားတက်ရောက်လာကြသည့် လူကြီးမင်းများမှ ဆုရကျောင်းသား၊ ကျောင်သူကလေးများအား တစ်ဦးခြင်းစီ ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ၂၀၂၄၊၂၀၂၅ ပညာသင်နှစ်၊ ကာယ၊ ဉာဏ ထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများအား မြန်မာ့ကျောင်းသားတေးသီချင်းဖြင့် သီဆိဖျော်ဖြေ တင်ဆက်ခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်ပဉရေးမှူး ဦးသိန်းဌေး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ဆုရရှိသူများ ကျောင်းသားမိဘများ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကာ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ရာမများ ဆုရကျောင်းသား၊ ကျောင်းသူများမှ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
(မောင်လွင်)စလင်း