နတ်မောက်မြို့၌  စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍   စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ “စည်းလုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့်ပြိုင်ပွဲကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား/သူများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ ဆရာ/မများနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၃၇)ဦး တက်ရောက်ခဲ့သည်။

လှဝင်း