နတ်မောက် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်စေရေး အတွက် ရေဆင်း(၁)မျိုးနေကြာ၊ ဆင်းရွှေကြာ နေကြာမျိုးများကို စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာစေရေးဆောင်ရွက်ပေးမှုတို့ကြောင့် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာန ဦးစီးအရာရှိထံ သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွှတ်သည့် ဆီထွက်သီးနှံ တစ်မျိုးဖြစ်၍ စားသုံးသူများပြားလာပြီး ဒေသတွင်း၌ ကြိတ်ခွဲထုတ်လုပ်ရောင်းချကြရာ နေကြာစိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိသည့်အတွက် နေကြာကို ပိုမိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းနေကြာဧက (၉၅၈၀)စိုက်ပျိုးထားရှိကြောင်း သိရသည်။
မူမူစန်း