လေးမျက်နှာမြို့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပ

လေးမျက်နှာ ဇန်နဝါရီ ၉

အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်နိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်လေ့လာရာတွင် အွန်လိုင်းမှ ဖတ်ရှုသည်ထက် စာအုပ်စာပေတို့ကို လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က (လေးမျက်နှာ) ကျောင်းတွင် ပြခန်းများနှင့် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲများကိုကျင်းပရာတွင် လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျေင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြာပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ကာယဉာဏစွမ်းရည်ပြိုင်ပွဲများတွင် စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးလျက်ရှိသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန် လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည်ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြခန်း၊ အခြေခံပညာဦးစီးဌာနမှ သင်ထောက်ကူပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ကျန်းမာရေးပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် စာအုပ်အရောင်းဆိုင် (၂) ဆိုင်မှ ဈေးနှုန်းသင့်တင့်စွာဖြင့် စာအုပ်များကို ရောင်းချပေးခဲ့ရာ ကျောင်းသား၊ ကျေင်းသူများနှင့် စာပေချစ်မြတ်နှိုးသူများက လေ့လာကြည့်ရှုအားပေးကြပြီး ပညာရတနာခန်းမတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ခဲ့သည်။

အဆိုပါ ပြခန်း၊ ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းနှင့် ဖျော်ဖြေရေးအစီစဉ်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)