မြောင်းမြမြို့တွင် ကျေးရွာစာကြည့်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြောင်းမြ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျေးရွာစာကြည့်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာစာကြည့်တိုက်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများနှင့် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များဖြန့်ဝေပေးခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်တာဝန်ခံများက လုပ်ငန်းနှင့်ပတ်သက်၍ သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန် အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)