ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ချောင်းသာ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ချောင်းသာမြို့တိုက်နယ် ကျန်းမာရေးဌာနတွင် ဆောင်ရွက်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံမည့်သူများအား ဆေးထိုးစုရပ်သို့ ရောက်ရှိသည်နှင့်ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းတာခြင်းနှင့် ဆေးမထိုးမီ နာရီဝက်ခန့် နားနေစေခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး(Pfizer) ဆေးထိုးပြီးသောအခါတွင်လည်း နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းများဖြင့် စနစ်တကျဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ချောင်းသာမြို့ တိုက်နယ်ကျန်းရေးဌာနမှ ကျန်းမာရေးမှူး ဦးထွန်းအောင်ကိုနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)