ကြံခင်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) က ဇင်းကြီးကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားကို (အ.မ.က) ကဇင်းကြီးကျောင်းမှ ကျောင်းသား/သူလေးများက"စုံညီပွဲတော် တို့နွှဲပျော်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ကဇင်းကြီးအုပ်ချုပ်ရေးမှူးဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အနာဂါတ်ကျောင်းသား၊ လူငယ်များမွေးထုတ်ပေးနိုင်ရေးအတွက် ယခုလိုထူးချွန်သူများကို ဆုများချီးမြှင့်ပေးခြင်းအား ဂုဏ်ယူပါကြောင်းပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းက ဘက်စုံထူးချွန်သော ကျာင်းသားလူငယ်များဖြစ်လာစေရေးနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီးနောက်၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင် ဦးနိုင်ဇော်ဝင်းက ကျောင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြားပါသည်။
ဆက်လက်ပြီး ဆုများချီးမြှင့်ပေးအပ်ရာ ကျောင်းတွင်းကာယ၊ ဉာဏပြိုင်ပွဲတို့တွင်ဆုရရှိကြသော ကျောင်းသား/သူ (၆၈) ဦးတို့အားလည်းကောင်း၊ အာဟာရအလှူရှင်များနှင့် ကျောင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်သော ဆုများကိုတာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး၊ ကျောင်းသား/သူများက"လောကအားမာန်"သီချင်းနှင့် ပဒေသာကပွဲများဖြင့်က ပြဖျော်ဖြေကြသည်။
ပညာရေးစုံညီပွဲတော်သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများ၊ (အ.မ.က) ကဇင်းကြီးကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့်တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)