မြဝတီမြို့ အ.လ.က (၂)၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာဆုနှင်းပွဲ ကျင်းပ

မြဝတီ ဇန်နဝါရီ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂-၂၀၂ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာဆုနှင်းပွဲအခမ်းအနားကို နေ့နံနက် နာရီက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။

ဦးစွာ Grade7နှင့် 8တို့မှ ကျောင်းသူလေးများကပညာပန်းခင်းတေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးဇေယျာအောင်က အဖွင့်အမှာစကားပြောကြားပေးကာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်လှက ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် မိဘ၊  ဆရာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပညာရေးကဏ္ဍမြင့်မားလာမည်ဖြစ်ကြောင်းနှင့် စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး ကျောင်းအကျိုးတော်ဆောင် ဦးဝင်းတင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ပြည်နယ်အဆင့်ကဗျာပြိုင်ပွဲပထမဆု၊ မြို့နယ်အဆင့် ကဗျာပြိုင်ပွဲ တတိယဆုနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ  ဒုတိယဆု၊  ၂၀၂၃-၂၀၂၄   ပညာသင်နှစ် Grade-4, 8 နှင့် 9 တို့မှ A အဆင့် အောင်မြင်ခဲ့သူများ၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင် ပြိုင်ပွဲဆုရရှိသူ များ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာလှုပ်ရှားခဲ့သော ကျောင်းသား၊  ကျောင်းသူများနှင့် ၂၀၂၄-၂၀၂၅  ပညာသင်နှစ် တစ်နှစ်တာ ကျောင်းတက်မှန်သော ဆရာ/ဆရာမများနှင့် သင်ကြားမှုထူးချွန်သော ဆရာ/ဆရာမများအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ ဒုတိယ မြို့နယ်ပညာရေးမှူး(ပညာ) ဦးဇေယျာအောင်၊ အငြိမ်းစားပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသော  ဧည့်သည်တော်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)