ညောင်တုန်းမြို့နယ်အတွင်း သဘာဝဘေးသင့်အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယညွှန်ကြားရေးမှူးက သဘာဝဘေးသင့် အိမ်ထောင်စုများအား ပြန်လည် ထူထောင်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ် တုံ့ပြန်ရေးဝာာဝန်ရှိသူက ပြန်လည်ထူထောင်ရေး ငွေပေးအပ်မည့် ရပ်ကွက်/ကျေးရွာများ ရွေးချယ်ခြင်း၊ ကော်မတီဖွဲ့စည်းခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းတင်ပြ၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း CVA Officer က ငွေသားနှင့်ပြေစာထောက်ပံ့ခြင်း အစီအစဉ် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေး‌နွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)