ပုလောမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ကျင်းပ

ပုလော ဇန်နဝါရီ  ၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်တွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီ ဦးမြတ်ကိုကပညာရေးစုံညီပွဲတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စု စိတ်ဓာတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံသားကောင်းသမီးမွန်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ဆက်လက်၍  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကာယ/ဉာဏ ဘက်စုံပညာထူးချွန် ကျောင်းသား/သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများက ပန်းတိုင်းပွင့်ပြီ မြန်မာပြည်၊ လှပချစ်စရာတို့ ရွှေမြန်မာအလှပန်းဝေ လယ်တောမြေ၊နှစ်သစ်နိဒါန်း၊ ငြမ်းချည်းတဲ့ကြိုး၊ ဘဝလမ်းပြ မြတ်ဆရာ စသည့် တေးသီချင်းများကို သီဆို၊ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)