ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ်(၂) ရပ်ကွက်တွင် ပျက်စီးသည့်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ မြို့မဘုန်းတော်ကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်းထိ အရှည်(၀/၅)မိုင်အား ၂၀၂-၂၀၂ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နယ်စပ်ဒေသဖွံ့ဖြိုးရေး( ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ(၂၂၅.၂၆၀)သန်းဖြင့် ရွှေဒိုသမိ ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ် ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့်   ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ မြို့ပြနှင့်ကျေးလက် ဒေသများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ် ဒေသနှင့် တိုင်းရင်သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)