ရွှေကျင်မြို့နယ် အ.မ.က(မူလွန်) မဒေါက်ကလေးကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ရွှေကျင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ အ.မ.က(မူလွန်) မဒေါက်ကလေးကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.မ.က(မူလွန်)မဒေါက်ကလေးကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌မင်းလွင်ဦးက အဖွင့်အမှာစကားပြောကြားပေးကာ၊ အ.မ.က(မူလွန်) မဒေါက်ကလေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး‌အောင်ပြည့်ဖြိုးက ပညာရေးဆိုင်ရာအချက်အလက် များနှင့်စုံညီပွဲ‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများရရှိသော ကျောင်းသား၊ကျောင်းသူလေးများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူတို့မှ ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဖိတ်ကြားထားသောဧည့်သည်များ၊ ကျောင်းအကျိုး‌တော်ဆောင်များ၊ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)