မအူပင် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ၊ ကြက်သားများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက်(၇)နာရီမှစတင်၍ အမှတ်(၃)ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့နှင့် အမှတ်(၇)ရပ်ကွက်ရှိ ဗန်ဒါပင်ဈေးအတွင်း ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါကြက်ဥ/ဘဲဥများ၊ ကြက်သားများ ဒေသခံပြည်သူများ လက်ဝယ်အရောက်ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်သားအရောင်းဒိုင်များ ပူးပေါင်း၍ ကြက်ဥတစ်လုံး(၃၅၀)ကျပ်ဖြင့် အလုံး(၄၅၀၀)၊ ဘဲဥတစ်လုံး(၅၀၀)ကျပ်ဖြင့် အလုံး(၆၀၀)နှင့် ကြက်သားတစ်ပိဿာ(၁၄၀၀၀)ကျပ်ဖြင့် ကြက်သား(၁၆)ပိဿာအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)