ရွှေဘိုမြို့အ.ထ.က(၁)၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အမှတ်(၁)အ​​ခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်​အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့​နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်​အေးကြည်မက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ မောင်မင်းခန့်(ဒုတိယနှစ်-စက်မှု)က “လူငယ်နှင့်စာဖတ်ခြင်း”၊​မောင်ရာဇာ(ပထမနှစ်-စက်မှု)က “လူငယ်နှင့်ရည်မှန်းချက်” မောင်မြတ်မိုးမင်း(ဒုတိယနှစ်စိုက်ပျိုး​ရေး)က“လူငယ်နှင့်​ပေါင်းသင်းဆက်ဆံ​ရေး” မောင်လင်းမြင့်ဦး(ဒုတိယနှစ်-​မွေးမြူ​ရေး)က “ကျွန်​တော်အနှစ်သက်ဆုံးစာအုပ်တစ်အုပ်”ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြကြောင်း သိရသည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူ‌များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမြင်စန်း