ပလောက် ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက အခြခံပညာအလယ်တန်းကျောင်း (ခွဲ)ဝါးဇွမ်းအုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ဘက်စုံသားဖွားဆရာမ ဒေါ်မိနုထွေးက တီဘီရောဂါအရှိန် အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း စီမံချက်ပါအကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား “ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာနေပြီလား၊ ချောင်းဆိုးရင် သွေး၊ သလိပ်ပါနေသလား၊ တငွေ့ငွေ့ဖျားပြီး ညဘက်ချွေးအလွန်ထွက်နေပါသလား၊ အစာစားချင်စိတ်မရှိ ဖြစ်နေပါသလား၊ ကိုယ်အလေးချိန်လျော့ကျသွားပါလား၊ ကျော(သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်း ဂျိုင်း (သို့)ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား” စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)