သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ (၅၉၄)ဧက စိုက်ပျိုးပြီးစီး

သရက်ချောင်း  ဇန်နဝါရီ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများက တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်းသီးနှံ(၅၉၄)ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ဆောင်းသီနှံများအဖြစ် ဆောင်းနှမ်း(၆၀)‌ဧက၊ နေကြာ(၃၆)ဧက၊ မတ်ပဲ(၅၁)ဧက၊ ပဲလွန်း(၃၇)ဧက၊ ပြောင်းဖူး (၂၀)ဧက၊ ဟင်းသီးဟင်းရွက်(၃၄၄)ဧက၊ ငရုတ်(၄၆)ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)